Popular(ဂျာနယ်)

စိတ်ကူးလေပွေ (၈) E-mail
၂၄-ဝ၅-ဝ၉

နန်းဆုရတီစိုးနဲ့ ကျွန်တော်

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်မိတ်ဆွေ ပါဖက်မဂ္ဂဇင်းက မသက် ကျွန်တော့်ဆီ ဖုန်းဆက်ပါတယ်။ ''ဆရာ၊ ကျွန်မတို့ အမှတ်(၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာ မြန်မာအတ်စင်တာ Myanmar Art Center ဆိုပြီး အနုပညာပြခန်း (Showroom) ကြီး ဖွင့်လိုက်တယ်၊ ကိုနိုင်ကြီးလုပ်တာပေါ့ဆရာရယ်။ ကိုနိုင်ကြီးက ပန်းချီဆရာဆိုတော့ ဒီလိုအနုပညာလုပ်ငန်းတွေကို သိပ်ဝါသနာပါတာ။ အထူးသဖြင့် ပန်းချီကားတွေကို သူက သိပ်စိတ်ဝင်စားတာ။ အခု ကျွန်မတို့ Golden Art Gallery ဆိုပြီး ပန်းချီပြပွဲ တစ်ခုလုပ်မလို့ စီစဉ်ထားတယ်။ အခုလ (၁၂)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ နာမည်ကြီး ပန်းချီဆရာ (၅ဝ) ကျော်ရဲ့ ပန်းချီကားတွေကို ပြထားမှာ။ ဝယ်တဲ့သူရှိရင် ဒီပန်းချီကားလေးတွေကို ရောင်းမှာပေါ့။ ဖွင့်ပွဲက (၁၂)ရက်နေ့ အင်္ဂါနေ့ (၁၂.ဝ၅.ဝ၉) မှာ လုပ်မှာ။ ဖွင့်ပွဲကို ဆရာလာဖြစ်အောင်လာနော် ကျွန်မတို့ သေချာပေါက်စောင့်နေမှာ'' လို့ ပြောပါတယ်။ ကျွန်တော့်ကို ပန်းချီပြပွဲဖွင့်ပွဲကို လာဖြစ်အောင် လာဖို့ အကြိမ်ကြိမ် ပြောသွားပါတယ်။
ဆက်လက်ဖတ်ရှုရန်
 

စိတ်ကူးလေပွေ (၇) E-mail
၁၂-ဝ၅-ဝ၉



စထရက်စ်အကြောင်းတွေ ရေးနေရင်းကနေ(၇)နိုင်ငံ ပြည်ပခရီးစဉ်ရှည်ကြီး ထွက်လိုက်ရတော့ စိတ်ကူးလေပွေဆောင်းပါးတွေ မရေးဖြစ်ပဲ ပြတ်သွားပါတယ်။
ဘန်ကောက်၊ စင်္ကာပူ၊ မဲလ်ဘုန်း၊ ဆစ်ဒနီ၊ ကိုပင်ဟေဂင် (ဒိန်းမတ်)၊ မယ်လ်မို (ဆွီဒင်)၊ အော်စလို (နော်ဝေ) နဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွေကို (၁၈)ရက်တိတိ မရပ်မနား အစည်းအဝေးတွေတက်၊ တိုးရစ်လိုတွေလည်ပြီး ခရီးတွေသွားခဲ့ပါတယ်။
ရန်ကုန်ကနေ သင်္ကြန်မတိုင်ခင် ဧပြီ (၁၂)ရက်နေ့ ၁၂-၄-ဝ၉ က ထွက်လိုက်တာ သင်္ကြန်ပြီး ဧပြီ (၂၉)ရက်နေ့မှ ပြန်ရောက်ပါတယ်။ ခရီးမထွက်ခင်ကတည်းက နီကိုး လေယာဉ်လက်မှတ် အရောင်းဌာန (Niko Airticketing) က တီကက်တင်းမန်နေဂျာ ပြည့်ဖြိုးဟန်နဲ့ ခရီးစဉ် အဲယားရု(တ်) (air route) (မှတ်ချက်- အမေရိကန်တွေက route ကို ရောက်(တ်)လို့ အသံထွက်ပါတယ်) တွေကိုအကြိမ်ကြိမ်ဆွဲ၊ ဘွတ်ကင်တွေ တင်လိုက်၊ ဖျက်လိုက်နဲ့ နောက်ဆုံး အိုင်တင်နရရီ Final Itinerary ရအောင် မနည်းညှိယူရပါတယ်။ အိုင်တင်နရရီဆိုတာက ခရီးစဉ်လို့ ပြောရမှာပါ။
ဆက်လက်ဖတ်ရှုရန်
  
စိတ်ကူးလေပွေ (၆) E-mail

 

၁၂-ဝ၄-ဝ၉



စထရက်စ်ဆိုတဲ့စိတ်ဖိစီးမှု (အဆက်)
နာတာရှည် စထရက်(စ်) (chronic stress)

လူတွေကို ရုတ်တရက် အပြင်းအထန် စထရက်(စ်) ရစေနိုင်တဲ့အကြောင်း အရာအခြေအနေတွေရှိသလို တဖြည်းဖြည်း တငွေ့ငွေ့ ဖွဲမီးလောင်သလို နာတာရှည် စထရက်(စ်)ဆာတွေ ပေးပြီး စထရက်စ်တွေ ဖြစ်စေနိုင်တာလည်း ရှိပါတယ်။ အဲလို တစိမ့်စိမ့်နဲ့အမြဲဖြစ်စေနိုင်တဲ့ နာတာရှည် စထရက်(စ်)တွေဟာလည်း လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာပါ။ ဒါကြောင့် သတိမမူ ဂူမမြင် ဆိုတာလို မသိမသာဖြစ်နေတဲ့ စထရက်စ်တွေကိုလည်း ဂရုစိုက် လေ့လာရှာဖွေ ကုစားမှ အသက်ရှည် ကျန်းမာ၊ နုပျိုလန်းဆန်းမှာပါ။

ဆက်လက်ဖတ်ရှုရန်
 

စိတ်ကူးလေပွေ (၅) E-mail

 

၅-ဝ၄-ဝ၉



စထရက်စ်ဆိုတဲ့စိတ်ဖိစီးစီးမှု (အဆက်)
ရုတ်တရက်ထွက်ပေါ်လာတဲ့စထရက်စ် (Acute stress)
ပန်းလှိုင်ဂေါက်ကွင်းက စတတ်တာ (starter) သီသီထွန်း ရုတ်တရက် ကားတိုက်ပြီး ကွယ်လွန်ခဲ့ရတဲ့ အကြောင်းကို နမူနာပြပြီး လူ့လောကကြီးမှာ ရုတ်တရက်ဖြစ်ပေါ်လာတတ်တဲ့ ဆုံးရှုံးမှုတွေ၊ ကြေကွဲစရာတွေ၊ ဝမ်းနည်းစရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ စထရက်စ်တွေအကြောင်ကို ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။
အဲလို ရုတ်တရက် ဖြစ်လာတွေ့ကြုံရတဲ့ဖြစ်ရပ်ကြောင့် ဖြစ်လာရတဲ့ စထရက်စ်တွေကို အကူ့တ် စထရက်စ် (Acute Stress) လို့ခေါ်ပါတယ်။

ဒီလိုရုတ်တရက်မမျှော်လင့်ပဲဖြစ်နေတဲ့ ဖြစ်ရပ်လေးတွေကတော့ နေ့စဉ်ကြုံတွေ့ရမှာပါ။ အဲဒီ ရုတ်တရက် စထရက်စ်ဆိုတာတွေဟာ နေ့တိုင်းတွေ့နေရမယ့် စထရက်စ်ဆာတွေကြောင့်ပါ။ ဥပမာလေးတွေ ပြောရမယ် ဆိုရင်၊ ဘတ်စကားကို ကပ်လွတ်သွားတာ၊ ကျောင်းချိန် ရုံးချိန် နောက်ကျတာ၊ ခလုတ်တိုက်မိတာ၊ ချော်လဲတာဆိုတဲ့ သေးသေးမွှားမွှား စထရက်စ်ဆာလေးတွေရှိသလို အကြီးအကျယ်ပြဿနာကြီးတွေနဲ့လည်း ကြုံတွေ့ ရတတ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်
  
စိတ်ကူးလေပွေ (၄) E-mail

၃၀.၀၃.၂၀၀၉

စထရက်(စ်) ဆိုတဲ့စိတ်ဖိစီးမှု (အဆက်)
(UMFCCI ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ လစဉ်ကျင်းပနေကြ ပညာပေးဟောပြောမှု အစီအစဉ်မှာ ၇-၃-၂ဝဝ၉ စနေနေ့ နေ့လည်က စထရက်(စ်) အကြောင်း ကျွန်တော်ပြောခဲ့တာတွေကို ကောက်နုတ်အကျဉ်းရုံးပြီး ပြောပြနေပါတယ်။)

စထရက်စ်တွေမျိုးစုံ စထရက်စ်အကြောင်းပြောနေရင်း ရေးနေရင်းနဲ့ ဒီနေ့ သိပ်ပြီးခေတ်စားနေတဲ့အဆိုတော် ဟန်ထွန်းရဲ့ ရှိနေမယ်ဆိုတဲ့ သီချင်းစာသားလေးတွေကို ကြားယောင်လာမိပါတယ်။ ဟန်ထွန်းရဲ့အသံကလည်း သိပ်ကို စွဲဆောင်မှုအားအပြည့်နဲ့ ပီပီသသတစ်လုံးလျင်း ဖြည်းဖြည်းချင်းဆိုထားတာပါ။ တေးရေး ကေအေတီရဲ့ အဓိပ္ပါယ်သိပ်ကိုပါတဲ့ စာသားလေးတွေကိုလည်း ခံစားရမိပါတယ်။ သီချင်းထဲမှာပါတဲ့ မှတ်သားလောက်တဲ့ စာသားတချို့ကို ပြောရမယ်ဆိုရင်
"ပျော်ရွှင်ခြင်းများ
တကယ်နီးနီးလေးရှိလျက်နဲ့
ဝင်လာမယ် ဝမ်းနည်းမှုတွေ
မျှော်မနေလည်း ကြုံမယ်။ "တဲ့

ဆက်လက်ဖတ်ရှုရန်
 
«StartPrev123NextEnd»

Page 2 of 3

စာရေးသူ၏ ထွက်ခဲ့ပြီးသော စာအုပ်များ









Hit Counter

hits counter

We have 11 guests online
Web Site Designed by Myanmar Technology Gateway.