Health Digest(ဂျာနယ်)

မိသားစုကျန်းမာရေးလက်စွဲ အပိုင်း (၄၉) E-mail

Health Digest (Family for Health)
၂၆-၁၁-၂၀၀၇
မိသားစုကျန်းမာရေးလက်စွဲ
အပိုင်း (၄၉)   

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အာရုံကြောစနစ် (Nervous System)
အချက်ပေးစနစ်လမ်းကြောင်းတွေ(Signaling pathways)
အာရုံကြောစနစ်ကြီးဟာ သိပ်ကိုရှုပ်ထွေးလှတဲ့ စနစ်ကြီးတစ်ခုပါ။ ကွန်ပျူတာတွေထက်တောင် ပိုပြီး အဆင့်မြင့်လှတဲ့ အချက်ပေးဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ တည်ဆောက်ထားတာပါ။ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ နာဗ်ကြောတွေထဲမှာ အာရုံကြောအချက်ပေးစနစ်တွေ တစ်နေရာနဲ့တစ်နေရာ နာဗ်ဆဲလ် တစ်ခုကနေတစ်ခု တစက္ကန့််ကို သန်းနဲ့ချီတဲ့ ဆက်သွယ်ရေးတွေ ပြုလုပ်နေတာပါ။ အရင်အပတ်က ပြောခဲ့သလို လူ့ ခန္ဓာကိုယ်နဲ့  ပြင်ပလောကကြီးအတွင်းမှာရှိတဲ့ ရှိတဲ့အခြားသက်ရှိသက်မဲ့ အားလုံးထိတွေ့ရတဲ့ အာရုံငါးပါးခံစားချက်ဟာ နာဗ်ကြောတွေထဲကနေတဆင့် ဦးနှောက်ဆိုတဲ့ ဗဟိုစနစ်ဆီကို ပို့ပါတယ်။ အဲလို ပို့တဲ့အခါမှာ ဦးနှောက်အထဲမှာရှိတဲ့ ဆိုင်ရာဆိုင်ရာ နေရာဒေသတွေကို လိုသလို အဆင့်ဆင့် ဆက်ပို့ပေးမခန္ဓာကိုယ်ကြီးက ဘာလုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး နာဗ်ကြောတွေကတဆင့် အမိန့်ပြန်ပေးပါတယ်။ အဲတော့ အာရုံကြောစနစ်ကြီးတစ်ခုလုံးရဲ့ အဓိကအကျဆုံးကတော့ နာဗ်ဆဲလ် တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ အချက်ပေးစနစ်တွေသွားရတဲ့ လမ်းကြောင်းတွေပါ။

ဆက်လက်ဖတ်ရှုရန်
 

မိသားစုကျန်းမာရေးလက်စွဲ အပိုင်း (၄၈) E-mail

Health Digest (Family for Health)
၂၁-၁၁-၂၀၀၇
မိသားစုကျန်းမာရေးလက်စွဲ
အပိုင်း (၄၈)   

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အာရုံကြောစနစ် (Nervous System)

နားဗပ်(စ်)စစ်(စ်)တင်လို့ခေါ်တဲ့ အာရုံကြောစနစ်ဟာ လူခန္ဓာကိုယ်မှ တကယ့်ကို အရှုပ်အထွေး ဆုံးနဲ့အရေးအကြီးဆုံးစနစ်တစ်ခုပါ။ မြန်မာလိုပြောရမယ်ဆိုရင် ဦးနှောက်နဲ့အာရုံကြောလို့ ပြောလေ့ရှိပေ မယ့်လို့ တကယ်တော့ ဦးနှောက်ဘရိန်း(Brain)  ဟာလည်း အာရုံကြောစနစ်ထဲက အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် မြန်မာလိုအခေါ်က ဦးနှောက်ကိုလည်းထည့်ပြီး ဖေါ်ပြလေ့ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အာရုံကြောအထူးကုဌာနလို့ အဓိပ်္ပါယ်ရတဲ့Department of Neurology  ကို မြန်မာလို ရေးလိုက်တော့ ဦးနှောက်နဲ့အာရုံကြောအထူးကုဌာနလို့ ခေါ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်
  
မိသားစုကျန်းမာရေးလက်စွဲ အပိုင်း (၄၇) E-mail

Health Digest (Family for Health)
၁၃-၁၁-၂၀၀၇
မိသားစုကျန်းမာရေးလက်စွဲ
အပိုင်း (၄၇)   
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အစာအိမ်အူလမ်းကြောင်း နဲ့ ဆက်နွယ်အစိတ်အပိုင်းများ
(The Gastrointestinal Adnexae)

၎။ သရက်ရွက်(Spleen)
အင်္ဂလိပ်လို စပလင်း(Spleen)လို့ခေါ်တဲ့ ဗိုက်ထဲကအော်ဂင်အစိတ်အပိုင်းဟာ အစာအိမ်အူလမ်းကြောင်းနဲ့ ဆက်သွယ်နေတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မြန်မာလိုတော့ သရက်ရွက်လို့ ခေါ်ပါတယ်။

ဘယ်နားမှာရှိလဲ
ဘယ်ဘက် ဟိုင်ပို ကွန်ဒရီယမ်(Left Hypochondrium)  လို့ ခေါ်တဲ့ ဘယ်ဘက်နံရိုးအောက်နားမှာ ရှိပါတယ်။ (ဟိုင်ပို့ hypo ဆိုတာ အောက်၊ ကွန်ဒရီယမ် chondrium  ဆိုတာ နံရိုးနုလေးတွေ)

ဘေးမှာ ဘာတွေရှိသလဲ
ရှေ့မှာ အစာအိမ်
နောက်မှာ နံပါတ် (၉-၁၀-၁၁)နံရိုးတွေ
အောက်မှာ အူမကြီး
အတွင်းဘက်မှာ ကျောက်ကပ်

ဆက်လက်ဖတ်ရှုရန်
 

မိသားစုကျန်းမာရေးလက်စွဲ အပိုင်း (၄၆) E-mail

Health Digest (Family for Health)
၁-၁၁-၂၀၀၇
မိသားစုကျန်းမာရေးလက်စွဲ
အပိုင်း (၄၆)   
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အစာအိမ်အူလမ်းကြောင်း နဲ့ ဆက်နွယ်အစိတ်အပိုင်းများ
(The Gastrointestinal Adnexae)
အင်ဆူလင် (အဆက်)
အင်ဆူလင်နဲ့ ဂလူးကို့စ်
သွေးထဲမှာ အင်ဆူလင်တွေ အနည်းအများကို သွေးချိုဓါတ်ဂလူးကို့စ်က ထိန်းပေးပါတယ်။ အစားတစ်ခုခုစားလိုက်လို့ သွေးထဲမှာ အချိုဓါတ်တွေများလာရင် ပန်ကရိယထဲမှာရှိတဲ့ လင်ဂါဟန် အိုင်းလက်ဆဲလ်လေးတွေကနေ အင်ဆူလင်တွေ ထုတ်ပေးမယ်။ သွေးချိုဓါတ်နည်း၊ လင်ဂါအင်ဆူလင် အထွက်နည်းမယ်၊ သွေးချိုဓါတ်တွေ တက်နေရင် အင်ဆူလင်တွေ အများကြီး ထုတ်သုံးရမယ်။ ဆိုလိုတာက လူတွေဟာ ဆင်ဆင်ခြင်ခြင်နဲ့ ကစီဓါတ်တွေ အချိုဓါတ်တွေကို ချင့်ချိန်ပြီး စားမယ်ဆိုရင် ကိုယ့်ရဲ့ အင်ဆူလင်တွေကိုလည်း ချွေတာတဲ့သဘောပါ။ လူတစ်ယောက်ရဲ့ ပန်ကရိယဟာ အင်ဆူလင်တွေ အများကြီးမထုတ်ရဘူးဆိုရင် အဲဒီလူဟာ ဆီးချိုမဖြစ်နိုင်ဘူးပေါ့။ ဘာလို့တုန်းဆိုတော့ ဆီးချိုရောဂါဖြစ်တဲ့ အကြောင်းရင်းတစ်ခုက ပန်ကရိယက အင်ဆူလင်တွေ သိပ်ထုတ်ရလွန်းလို့ အင်ဆူလင်ကုန်သွားတာပါ။

ဆက်လက်ဖတ်ရှုရန်
  
မိသားစုကျန်းမာရေးလက်စွဲ အပိုင်း (၄၅) E-mail
User Rating: / 1
PoorBest 

Health Digest (Family for Health)
၁၉-၁၀-၂၀၀၇
မိသားစုကျန်းမာရေးလက်စွဲ
အပိုင်း (၄၅)

လခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အစာအိမ်အူလမ်းကြောင်း နဲ့ ဆက်နွယ်အစိတ်အပိုင်းများ
(The Gastrointestinal Adnexae)
ပန်ကရိယ (Pancreas)  (အဆက်)
ပန်ကရိယနဲ့အင်ဆူလင်((Pancreas and Insulin)
ပန်ကရိယရဲ့ အထဲမှာရှိပြီး လင်ဂါဟင်စတင်တွေ့ရှိထားတဲ့ ကျွန်းငယ်လေးတွေနဲ့တူတဲ့ ဆဲလ်အစု လေးတွေ(Islets of Langerhans) ကနေ အင်ဆူလင(Insulin)  လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေး ပါတယ်။ အင်ဆူလင်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းပါ။ အင်ဆူလင်မရှိရင် လူတစ်ယောက် အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် အင်ဆူလင်ကို ထုတ်ပေးတဲ့ ပန်ကရိယဟာလည်း အရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်း အော်ဂင်တစ်ခုဖြစ်ပါတယ်။ လူတွေအတွက် ဒီလောက်တောင် အရေးကြီးတဲ့ အင်ဆူလင်အကြောင်းကို သိသင့်တယ်လို့ ထင်လို့ နည်းနည်း ပြောပြချင် ပါတယ်။

ဆက်လက်ဖတ်ရှုရန်
 
«StartPrev21222324252627282930NextEnd»

Page 27 of 35

စာရေးသူ၏ ထွက်ခဲ့ပြီးသော စာအုပ်များ









Hit Counter

hits counter

We have 12 guests online
Web Site Designed by Myanmar Technology Gateway.